Thursday, November 17, 2016

ကိစ္စနည်းပါးသူ

"ကိစ္စနည်းပါးသူ"

         မိမိပြုလုပ်ရမည့်အလုပ်မှတစ်ပါး အခြားမ
ဆိုင်သော အကျိုးမရှိသောအလုပ်များ၌ ကြောင့်
ကြစိုက်သူကို အလုပ်များသူဟုဆို၏။ထိုပုဂ္ဂိုလ်
များ၌ မိမိအလုပ်လစ်ဟင်း၍ အကျိုးစီးပွါးပျက်ပြား
ဆုတ်ယုတ်တတ်သည်သာ။
        
         နဝကမ္မစသော အလုပ်ကိစ္စ၌ ပျော်မွေ့တတ်
ခြင်း စကားများမှု၌ ပျော်မွေ့တတ်ခြင်း အပေါင်း
အသင်းများ၌ ပျော်မွေ့တတ်ခြင်း စသည်ဖြင့်
အကျိုးမရှိသောအလုပ်များ၌ ပျော်ပိုက်တတ်သူ
များကား ကိစ္စများ၍ တရားအားမထုတ်နိုင်သူများ
တည်း။
   
          မိမိအားထုတ်ရမည့်တရားမှတစ်ပါး အခြား
မည်သည့်အလုပ်ပိုကိုမျှ မလုပ်သူကို ကိစ္စနည်း
သူဟုဆိုရမည်။ ထို့ကြောင့်တရားအားထုတ်မည့်
သူများမှာ ဗလိဗောဓဆယ်ပါး ဖြတ်တောက်ရှင်း
လင်းထားရမည့်အဖြစ်ကို မိန့်ဆိုတော်မူခြင်းဖြစ်
သည်။

            ကိစ္စနည်းပါးသော ပုဂ္ဂိုလ်၌သာ ပဋိပတ်
၌ ဖြစ်မြောက်ပေါက်ရောက်အောင် အားထုတ်နိုင်
မည်ဖြစ်၍ ဤမေတ္တာ၏ ရှေ့သွားအကျင့်များ၌
ကိစ္စနည်းပါးသူဖြစ်ရမည့်အရေးကို အကျင့်တစ်
ခုအနေဖြင့် ဘုရားရှင်ဟောကြားတော်မူပါသ
တည်း။

                            ရွှင်လန်းချမ်းမြေ့ပါစေ
                                 ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment