Thursday, November 17, 2016

"ရောင့်ရဲလွယ်သူ"

"ရောင့်ရဲလွယ်သူ"

        ရတတ်သမျှ ရှိရှိသမျှ ဖြစ်သမျှနှင့် တင်းတိမ်
ကျေနပ်သူကို ရောင့်ရဲလွယ်သူဟု ဆိုရမည်။
ရတတ်သမျှနှင့် မရောင့်ရဲသူမှာ ရှာဖွေရ ကြောင့်
ကြစိုက်ရသဖြင့် ဗျာပါရတွေများခြင်း ရှာ၍မရ
လျှင် စိတ်မချမ်းသာခြင်း စိတ်ဆိုးခြင်း ရပြန်လျှင်
ပိုအောင် ရှာခြင်း ရှာတိုင်းမရသောအခါ စိတ်မ
သက်မသာ ဖြစ်ရခြင်း စိတ်ဆိုးခြင်း စသည်ဖြစ်
တတ်ရာ မေတ္တာဖြစ်ရေးဝေးနေသူတည်း။

              ရတတ်သမျှ ဖြစ်သမျှနှင့် အားရတင်း
တိမ်နေသူမှာ ပစ္စည်းမရမှုနှင့်စပ်လျဉ်း၍လည်း
ကောင်း တစ်ပါးပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍လည်း
ကောင်း စိတ်မချမ်းသာဖွယ် စိတ်ဆိုးဖွယ်မရှိ
စိတ်အစဉ် အေးချမ်းလျက်ရှိရာ ထိုပုဂ္ဂိုလ်၏စိတ်
ဓါတ်မှာ မေတ္တာနှင့်သဟဇာတဖြစ်ဖို့ရာ အလွန်
ဆီလျော်လျက်ရှိ၏။ထို့ကြောင့်မေတ္တာဘာဝနာ
ဖြစ်ရန် အခြေခံအကျင့်ဖြစ်ကြောင်း ဘုရားရှင်
ဟောတော်မူခြင်းဖြစ်သည်။

          မိမိဥစ္စာဖြင့်နှစ်သက်ကျေနပ်နေတတ်သူ
ရှိနေသောဥစ္စာဖြင့် နှစ်သက်ကျေနပ်နေတတ်သူ
အညီအမျှအားဖြင့်နှစ်သက်ကျေနပ်နေတတ်
သောဟု သုံးမျိုးရှိရာ ထိုတွင် ရဟန်းတော်များအ
ဖို့ ရဟန်းခံရာသိမ်အပြင်၌ သလုံးမြင်းခေါင်းဖြင့်
ရင်းနှီးရအပ်သော ဆွမ်း ပံ့သုကူသင်္ဃန်း သစ်ပင်
ရင်းကျောင်း နွားကျင်ပုပ်ဖြင့်ထုံအပ်သောဆေး
ဤလေးပါးကိုအားထား၍ ရဟန်းဖြစ်ခဲ့ရသည်။
ထိုလေးမျိုးသုံးဆောင်ရေး၌ ကြိုးစားရမည်သာ။
        
              လာဘ်လာဘ ပေါများသူဖြစ်ပါမူ အခြား
ဆွမ်း သင်္ဃန်း ကျောင်း ဆေးတို့ကိုလည်း သုံး
ဆောင်လေဦးဟု ဘုရားရှင်ညွန်ကြားခဲ့သည်
ကိုယ်တော်တိုင်လည်း လက်ခံတော်မူခဲ့သည်။
ထိုပစ္စည်းလေးပါးဖြင့် ကောင်းသည်ဖြစ်စေ ဆိုး
သည်ဖြစ်စေ ကောင်းစွာပြု၍ လှုသည်ဖြစ်စေ
ကောင်းအောင်မပြုပဲလှုသည်ဖြစ်စေ အလှုခံ
သောအခါ၌လည်းကောင်း သုံးဆောင်သောအခါ
၌လည်းကောင်း ဖောက်ပြန်မှုကိုမပြပဲ မျှတသော
သူကို မိမိရတတ်သမျှ ဥစ္စာ"ပစ္စည်းလေးပါးဖြင့်
ကျေနပ်သူဟုဆိုရသည်။

              ကောင်းမကောင်းအာရုံနှစ်မျိုး၌ နှစ်
သက်ခြင်း စိတ်ဆိုးခြင်းမဖြစ် သမမျှတစွာ အညီ
အမျှစိတ်ထား၍ သုံးဆောင်ခြင်းဖြင့် အာရုံဟူသ
မျှတို့၌ ကျေနပ်သူအဖြစ်ဖြင့် ကျင့်ကြံကြိုးကုတ်
အားထုတ်တော်မူကြပါစေကြောင်း မေတ္တာ
သွန်းလောင်းလျက် ဆက်ဆက်ရေးသားပေးအပ်
ပါသတည်း။

                   သံဃာတော်အပေါင်း၏ဂုဏ်တော်
အပေါင်းကို အစဉ် အာရုံပြုလျက်။

                               ရွှင်လန်းချမ်းမြေ့ပါစေ
                                 ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment