"စာရေးသူ၏ ဆန္ဒ"
စာရေးသူအနေဖြင့် အများအကျိုးကျေးဇူ့
များဖြစ်ထွန်းစေမည့် ဗုဒ္ဓအလိုကျ ဓမ္မစာပေများ
အား အခြားဗဟုသုတ ရကောင်းစရာ စာပေများ
နှင့်နှီးနှောလျက် ကိုယ်အား ဥာဏ်အားရှိသမျှ
လေးမျှဖြင့် ရေသားရခြင်းဖြစ်ရာ အများထဲမှ
အနည်းငယ်မျှလောက်သာ အကျိုးကျေးဇူ့ တစ်စုံ
တစ်ရာ ဖြစ်ထွန်းပွါးစီးခဲ့မည်ဆိုပါလျှင်လည်း များ
စွာ ကြည်နူးဝမ်းမြောက်နေမည်သာ။
မိမိအနေဖြင့် စာပေအရေးအသား၌
တတ်သိပညာရှင်များကဲ့သို့ မပိုင်နိုင်မကျွမ်းကျင်
ပါကြောင်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ စာပေအရေး
အသားများ၌ ချွတ်ချော်မှု အားနည်းချက်များတစ်
စုံတစ်ရာ တွေ့ရှိခဲ့ပါသော် ပြင်ဆင်ဖတ်ရှုပေးပါရန်
မေတ္တာရပ်ခံပန်ကြားအပ်ပါ၏။
စာရေးသူအနေဖြင့်လည်း တတ်သိ
ပညာရှင်တစ်ယောက်မဟုတ်ရကား စာလေးတစ်
ပိုဒ်မျှရရန်အတွက် ကျမ်းများစွာကိုးကား၍ ရေး
သားရပါ၏။ တကယ့်တတ်သိပညာရှင်များ
အတွက် မရည်ရွယ်သော်လည်း အများနှင့်လော
ကကောင်းကျိုး အစဉ်သည်ပိုးလိုလားတောင့်တ
သောအားဖြင့် ရေသားရခြင်းဖြစ်ရာ လောကနှင့်
လူသားအများအတွက် များစွာကောင်းကျိုးဖြစ်
ထွန်းပေလိမ့်မည်ဟု ယုံကြည်ချက်ထားပါ၏။
စာရေးသူအနေနှင့် မိမိရေးတင်ထား
သော စာပေများကို ကိုယ်ပိုင်စာဟူ၍ သဘောမျှ
မထားပါ။ အကယ်၍ သဘောကျနှစ်ခြိုက်သူများ
အနေဖြင့်လည်း လိုအပ်သလို copy ပြုလုပ်ခြင်း
share ခြင်းများကို ခွင့်တောင်းစရာမလို ဓမ္မ
အလှု စာပေအလှုအဖြစ် အစဉ်လိပ်ပြာသန့် ကာ
စာရှုသူ အပေါင်းအား အစဉ်မေတ္တာထားပေးလှု
နေမည်ဖြစ်ပါကြောင်း လောကတ္ထစရိယာတစ်
ရပ်အဖြစ် ဆန္ဒအမှန် ပြုအပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
ပါရမီစခန်း ပညာလမ်း
No comments:
Post a Comment