Thursday, November 17, 2016

ပညာရှိသူ

"ပညာရှိသူ"

       လောကအလုပ်များ၌ ထိုအလုပ်ကို နားလည်
ကျွမ်းကျင်မှုရှိသောသူ လုပ်သင့် မလုပ်သင့်သော
အချိန်ကာလဒေသစသည်ကို နှိုင်းချိန်တတ်သူ
အကျိုးကိုမြှော်မြင်တတ်သူများသာ ထိုအလုပ်ကို
ဖြစ်မြောက်အောင်ပြုလုပ်နိုင်၏။

       ကျွမ်းကျင်ချိန်ဆတတ်မှု အကျိုးကို မြှော်မြင်
တတ်မှုမရှိသူကား ထိုအလုပ်ကို မလုပ်နိုင်။လုပ်
ပါသော်လည်း အကျိုးသက်ရောက် ပြီးစီးအောင်
မြင်အောင် ပြုစွမ်းနိုင်မည့်သူမဟုတ်ပေ။

       ထို့အတူ ဓမ္မရေး၌လည်း မိမိကျင့်ရမည့်
အကျင့်ပဋိပတ်၌ သိနားလည်မှုရှိသူ အကျင့်မှန်
မမှန် နှိုင်းချိန်တတ်သူ အကျိုးကိုမြှော်မြင်ဆင်ခြင်
တတ်သူများသာ ထိုပဋိပတ်ကို ပြုကျင့်နိုင်၏။
ထိုသို့နားမလည်သူများကား ထိုအကျင့်ကိုကျင့်
ရန် ဆန္ဒ ဝီိယစသည် ထက်သန်မည်မဟုတ်၍
ပြုလုပ်မည်လည်းမဟုတ်။ ပြုလုပ်ပါလည်း
ထမြောက်အောင်မြင်မည်မဟုတ် ထိုသို့ဖြစ်လျှင်
မဂ်ဖိုလ်ရသည်အထိ ပညာဖြင့်သာ တစ်ဆက်
တည်းသွားရမည့် ပဋိပတ်အရာ၌ ပညာကား
လွန်စွာမှ အရေးကြီးပါကြောင်း ရေးသားအပ်ပါ
သတည်း။

                           ရွှင်လန်းချမ်းမြေ့ပါစေ
                           ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment