Thursday, November 17, 2016

"ပေါ့ပါးသောအဖြစ်ရှိသူ" (သံဃာ့ဂုဏ်ရည်)

"ပေါ့ပါးသောအဖြစ်ရှိသူ"
(သံဃာ့ဂုဏ်ရည်)

            လောက၌ မိမိမှာရှိသင့်သည်ထက် အသုံး
အဆောင်တွေ ပိုမိုများပြားစွာရှိနေလျှင် ထိုအရာ
များကို သိမ်းဆည်းရ စောင့်ရှောက်ရ ပြုပြင်ရ စီမံ
ရသဖြင့် ကိစ္စတွေအလွန်များပြား၍ ထိုအရာများ
အတွက် ထိုသူမှာ အလွန်ဝန်လေးလျက်ရှိ၏။

            ဓမ္မရေး၌ ထိုဝန်လေးမှုကို မလိုလားအပ်
ပေ ထို့ကြောင့်ဓမ္မသက်သက်အားထုတ်မည့်
ပုဂ္ဂိုလ်များ၌ မိမိလုံလောက်ရုံ အသုံအဆောင်မျှ
သာ ဆောင်ထားရမည့်အဖြစ် ခရီးသွားသောအခါ
ငှက်များသည် အခြားဘာမျှမပါ မိမိအတောင်ပံ
အားဖြင့်သာ လိုရာပျံသန်းသွားလာသကဲ့သို့ သင့်
ရုံမျှမိမိအသုံးအဆောင် အနည်းငယ်ဖြင့်သာ တာ
ဝန်ပေါ့ပါးစွား သွားလာရမည့်အဖြစ်ကို ဘုရားရှင်
ဟောတော်မူ၏။
     
           ထို့ကြောင့် ပစ္စည်းများလျှင် တာဝန်လေး၍
တရားကိုကောင်းစွာ အားမထုတ်ဖြစ်ရာ ပေါ့ပါး
သောအဖြစ်ရှိသူအဖြစ်ဖြင့် တရားအားထုတ်ရေး၌
လွန်စွာလိုလားထိုက်သော အကျင့်ကောင်းတစ်
ရပ်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသတည်း။

                           ရွှင်လန်းချမ်းမြေ့ပါစေ
                              ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment