စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားလျှင် ရန်ကုန်တွင် ပြင်းအား ၅ မှ ၇ အတွင်းရှိ ငလျင်များလှုပ်နိုင်
9 October 2016
ရန်ကုန်မြို့ကို ငလျင် အန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက် ထုတ်ပြန်ပြီး နောက် စစ်ကိုင်းပြတ်ရွေ့နှင့် ၂၁ မိုင်ကျော် (၃၅ ကီလိုမီတာခန့်) တွင် ရှိနေသော ရန်ကုန်မြို့၌ အင်အားပြင်းငလျင်များ လှုပ်ခတ် နိုင်ခြေရှိကြောင်း ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် မြေငလျင်ဖိုရမ် (Earthquake Forum) ၌ ငလျင်ပညာရှင်များက သတိပေးသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဦးဆောင် ကာ မရမ်းကုန်းမြို့နယ် မင်းဓမ္မ လမ်းရှိ Myanmar Convention Center (MCC) တွင် အောက်တို ဘာ ၈ ရက်တွင်ပြုလုပ်သည့်ယင်းဖိုရမ်တွင် မြန်မာနိုင်ငံမြေငလျင်အသင်း အတွင်းရေးမှူးဦးစောထွေးဇော်နှင့် ဦးသူရအောင်တို့က ရန်ကုန်မြို့အတွက် ဖြစ်နိုင်ခြေရှိသော ငလျင်အန္တရာယ်ကို သတိပေးခြင်းဖြစ်သည်။
ငလျင်ပညာရှင်များက စစ် ကိုင်းပြတ်ရွေ့လှုပ်ရှားမည်ကိုစိုး ရိမ်နေပြီး ယင်းပြတ်ရွေ့လှုပ်ရှား ပါက ရန်ကုန်မြို့တွင် ပြင်းအား ရစ်ခ်ျတာစကေး ၅ မှ ၇ အထက် ငလျင်များ လှုပ်နိုင်ခြေရှိကြောင်း ၎င်းတို့က သတိပေးသည်။
မြေငလျင်ဖိုရမ် (Earthqu- ake Forum) တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ လာရောက်ဆွေးနွေးခဲ့ပြီး ငလျင်သဘာဝဘေး ကြိုတင်ကာ ကွယ်ရေး ဆောင်ရွက်ချက်များ ကို ရှင်းလင်း ပြောကြားခဲ့သည်။ ဦးဆောင်ပြုလုပ်သည့် လူမှုဝန် ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန တာဝန်ရှိသူများက ဌာနဆိုင်ရာ များ၏ အကြံပြုချက်များကို သုံး သပ်၍ ငလျင်နှင့်သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်မည့် အဆင့်ဆင့်ကို မ ကြာမီ သတင်းထုတ်ပြန်မည်ဖြစ် ကြောင်း ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ‘‘သဘာဝဘေးမှာ ငလျင်က ကြိုမခန့်မှန်းနိုင်ပေမယ့် ဖြစ်နိုင်ခြေများ တယ်လို့ ပညာရှင်တွေကပြောပြီး သားလေ။ အထူးသဖြင့် ရန်ကုန် လိုနေရာမျိုးမှာ ဖြစ်ရင်မလွယ်လှ ဘူး။ အစက အဖြစ်နည်းတယ်ဆို ပေမယ့် အခုကရန်ကုန်မှာ ဖြစ် နိုင်ခြေရှိနေတယ်လို့ ပြောလာကြ ပြီ ပညာရှင်တွေက။ ဒီဖိုရမ်က နေစပြီး ငလျင်သဘာဝဘေးအ တွက် ဆက်လုပ်သွားမှာတွေ အ များကြီးရှိပါတယ်’’ဟုပြောသည်။
ရန်ကုန်မြို့အပါအ၀င် စစ် ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြစ် ကြီးနား၊ တကောင်း၊ သပိတ် ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေ ပြည်တော်၊ တောင်ငူ၊ ဖြူးနှင့်ပဲခူး မြို့တို့တွင် ငလျင်အန္တရာယ်ရှိနေ ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သတိပေးချက်ထုတ် ပြန်ထားသည်။
အောင်သစ်လွင်
7 Day
ရန်ကုန်မြို့တွင် အောက်တိုဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် မြေငလျင်ဆိုင်ရာဖိုရမ်(ဓာတ်ပုံ−စိုင်းဇော်)
No comments:
Post a Comment