Thursday, November 17, 2016

မာန်မာနမရှိသူ

"မာန်မာနမရှိသူ"

       အမျိုးအနွယ်စသော မာန်ဖြစ်ကြောင်း ဝတ္ထု
တို့ဖြင့် သူတစ်ပါးအပေါ် မထီမဲ့မြင်မပြုသူကို
အနတိမာနီဆို၏။မာနထောင်တတ်သူကား သူ
တစ်ပါးတို့ကို မိမိနှင့်မတန်မတူဟု သဘောထား
ကာ အဖက်မလုပ် အရေးမစိုက်လိုပဲရှိတတ်ရာ
ထိုသဘောမှာ မေတ္တာကင်းခြင်းလက္ခဏာဖြစ်၍
ထိုသို့သဘောရှိသူကား မေတ္တာ၏တည်ရာ
အဘယ်မှာဖြစ်ပါအံ့နည်း။

           မာနကင်းသူကား မိမိထက်ကြီးသူ မြတ်သူ
ကို လေးစားခယတတ်၍ မိမိထက်ငယ်သူ
အောက်ကျသူများကိုလည်း ကူညီတတ်ခြင်း
ငဲ့ညှာတတ်ခြင်း စသည်ဖြင့် ထိုသူများအပေါ်
စိတ်သဘောထားနူးညံ့လျက်ရှိ ထိုသူမျိုးမှာ
မေတ္တာတမင်မပွါးပဲပင် မေတ္တာစိတ် ဖြစ်လျက်ရှိ
နေပေသည်။

            မာနကြီးသူမှာ သူတစ်ပါးအပေါ် မောက်
မာလိုခြင်း ပြိုင်လိုခြင်းစသော သဘောဆိုးများရှိ
တတ်ရာ တရားကိုပင်အားထုတ်သော်လည်း ပြိုင်
လို မော်လိုစိတ်ဖြင့် အားထုတ်မည်ဖြစ်ရာ
အဘယ်မှာတရားထူး ရနိုင်အံ့နည်း။အလွန်သိမ်
မွေ့သော မာနကလေးများပင် တရားရေး၌
အနှောင့်အယှက်ဖြစ်တတ်သေးရာ အတိမာနမှာ
ကား ဆိုဖွယ်ရာမရှိပေ။ထို့ကြောင့်မေတ္တာ
ဘာဝနာအရာ၌ အနှောင့်အယှက် အတားအဆီး
ဖြစ်၍ပင် အနတီမာနီ=မာန်မထောင်သူဖြစ်ရ
မည်ဟု ဘုရားရှင်ညွန်ကြားပြသဆုံးမတော်မူပါ
သတည်း။

                    ရွှင်လန်းချမ်းမြေ့ပါစေ
                     ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment