Thursday, November 17, 2016

ဘုရားရှင်၏သတိပေးဆုံးမချက်

"ဘုရားရှင်၏ သတိပေးဆုံးမချက်"

      အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်
ပညာရှိဖြစ်ကုန်သော တစ်ပါးသူတို့သည် ကဲ့ရဲ့
ကုန်၏။ယုတ်ညံ့သော ထိုအမှုမျိုးကို အနည်းငယ်
ကလေးမျှပင် မပြုကျင့်ရာ။

        သို့ဖြစ်လျှင် အနည်ငယ်ကလေးမျှ ယုတ်မာ
ကခြင်းသည်ပင် အယုတ်အညံ့သာမန်ပင်ဖြစ်
သော်လည်း ယုတ်မာသောအကျင့်ဆိုးသာဖြစ်၍
မပြုကျင့်ထိုက် ထို့ကြောင့် ရုန့် ရင့်ကြမ်းတမ်း
သော အပြစ်ကြီးများကိုဆိုလျှင် ပို၍ပင်မပြုထိုက်
ကြောင်းဘုရားရှင်သတိပေးဆုံးမတော်မူခဲ့သည်။

        ထိုအကုသိုလ်မှု ပြုကျင့်ရာ၌ မျက်မှောက်ရ
ရှိမည့်အပြစ်ကိုပြလို၍ (၎င်းပြစ်မှုအတွက် ပညာ
ရှိများ သူတစ်ပါးတို့ ကဲ့ရဲ့ဖွယ်ဖြစ်ရာသည်)ဟုမိန့်
တော်မူသည်။ဤ၌ ပညာမဲ့သူများကား ပမာဏမ
ဟုတ် ထိုသူမျိုးကား အပြစ်မရှိသည်ကိုပင် အပြစ်
ဟုလုပ်တတ်၏။အပြစ်နည်းသောအမှုကို ကြီး
ကျယ်သောပြစ်မှု ပြုလုပ်ပြောဆိုတတ်၏။သို့ဖြစ်
၍ပညာရှိများသာ ပမာဏဖြစ်၏ ပညာရှိတို့မည်
သည်မှာ သေချာစွာသက်ဝင်စီစစ်၍ အမှန်
တကယ်ကဲ့ရဲ့ထိုက်သူကိုမှ ကဲ့ရဲ့၍ အမှန်တ
ကယ် ချီးမွမ်းထိုက်သူကိုမှ ချီးမွမ်းလေ့ရှိကြ၏။
ထိုသို့ ပညာရှိများသာ ပမာဏ ဖြစ်၍ ပညာရှိတို့
ကဲ့ရဲ့ဖွယ်အမှု မပြုရဟု ဘုရားရှင်သတိပေးဆုံး
မတော်မူကြောင်း ရေးသားအပ်ပါသတည်း။

                          ရွှင်လန်းချမ်းမြေ့ပါစေ
                             ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment