"လူ့စရိုက်သဘာဝ"
အငွေ့ကိုရှောင်နိုင်သည် အတွေ့ကိုမရှောင်
နိုင် ဟူသောစကားမှာ စိတ်ဓါတ်မခိုင်မာသူတို့က
ကိုယ့်ကိုယ်ကိုယ် အပြစ်မှဖြေလျော့သော စကား
ပင်တည်း။
မကောင်းမှုဆိုသည်မှာ ပြုလုပ်ရလွယ်
လျက် လူ့အတွင်းစိတ် စရိုက်သဘာဝနှင့်လည်း
ကိုက်ညီသည်။
လူသည် အပြင်ပန်းအားဖြင့် ဟန်ဆောင်
တတ်၏။ မိမိအားယုတ်မာသူအဖြစ် အများက
မမြင်နိုင်စေရန် ကိုယ် နူတ် အမူအရာတို့ဖြင့်
လည်း ဟန်ဆောင်တတ်၏။
လူမမြင်နိုင်သော အတွင်းစိတ်ကမူ
လိုချင်ခြင်း တပ်မက်ခြင်း အာသာဆန္ဒငမ်းငမ်းရှိ
ခြင်း ဖေါက်ပြန်လိုခြင်း စသည့်ဖြင့်ပြည့်လျမ်းနေ
သည်။
အထူးအားဖြင့် ကာမကုန် အာရုံဆိုသည်
မှာ လူကိုပို၍ ကျက်စားပျော်ပါးစေသောအရာဖြစ်
သည်။ သောက်လေသောက်လေ ငတ်မပြေဆို
သည်မှာ ကာမကုန်ခံစားမှုပင်ဖြစ်တော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
ပါရမီစခန်း ပညာလမ်း
No comments:
Post a Comment