"မကြမ်းတမ်းမရိုင်းပျသူ"
(သံဃာ့ဂုဏ်ရည်အပေါင်းကို အစဉ်ဦးခိုက်ပူဇော်
ပါ၏)
ပဂဗ္ဘ-ကိုယ် နူတ် စိတ် သုံးပါး ကြမ်းတမ်း
ရိုင်းပျသူတည်း။ နပဂဗ္ဘော-ကိုယ် နူတ် စိတ်ထား
မရိုင်းသော ယဉ်ကျေးသူတည်း။ ကာယပါဂဗ္ဘိယ-
ကိုယ်အမူအရာ၏ရိုင်းစိုင်းမှု။ ဝစီပါဂဗ္ဘိယ-နူတ်အ
မူအရာ၏ ရိုင်းစိုင်းမှု။ မနောပါဂဗ္ဘိယ-စိတ်ထား
ရိုင်းစိုင်းမှုဟု ပါဂဗ္ဘိယ-ရိုင်းစိုင်းသူဖြစ်ကြောင်း
သုံးမျိုးရှိရာ ထိုသုံးမျိုးမှကင်းသူကို အပ္ပဂဗ္ဘ-မရိုင်း
စိုင်းသူ ယဉ်ကျေးဖွယ်ရာရှိသူဟု ဆို၏။
သံဃာ့အလယ် ပရိသတ်အလယ် ကြီးသူ
ရှေ့ဝယ် ဒူးထောင်ပေါင်ကားထိုင်ခြင်း ကြီးသူတို့
အားနေရာမပေးခြင်း ကယ်သူတို့အားနေရာတား
မြစ်ခြင်း နေရာကောင်းဆွမ်းကောင်းရရှိရန်ကြီးသူ
တို့ရှေ့ကျော်တက်ခြင်း ရွာအဝင်မထေရ်ကြီး တို့
ရှေ့ကဝင်ခြင်း ငယ်ရွယ်သူတို့နှင့် တို့လားဆိတ်
လားကစားခြင်း စသောအမှုတို့ကား ကိုယ်၏
ရိုင်းစိုင်းသောအမူအရာသာတည်း။
မထေရ်ကြီး၏ အခွင့်မရပဲတရားဟောခြင်း
အမေးမေးသော် မထေရ်ကြီးတို့အားမပန်ကြားပဲ
ဖြေခြင်း ရွာထဲ၌"ဟေ့……ဒကာမ……ဘာရှိသလဲ
ယာဂုလား ဆွမ်းလား ယနေ့စားသောက်ရမလား"
စသော ရဟန်းနှင့်မလျော်သောအပြောမျိုး ပြော
ဆိုခြင်းစသော အပြောအဆိုများကား နူတ်၏ရိုင်း
စိုင်းမှု မယဉ်ကျေးမှုများတည်း။
ကိုယ် နူတ်ဖြင့်မပြောမိစေကာမူ စိတ်၌
ကာမဝိတက်စသော မကောင်းသောအကြံမျိုး
ကြံခြင်းမှာ စိတ်၏ရိုင်းစိုင်းမှု မယဉ်ကျေးမှုပင်
တည်း။
ဤနည်းကိုမှီ၍ လူးအများလည်း လူ့အ
လိုက် ရိုင်းစိုင်းမှု ယဉ်ကျေးမှုကို သိသင့်သည်။
မေတ္တာတရားသည် သဘာဝအားဖြင့် ယဉ်ကျေး
နူးညံ့သော သဘောဖြစ်၍ ရိုင်းစိုင်းသောသူ၌
မတည်ပေ။ ယဉ်ကျေးလိမ္မာသောသူသာ မေတ္တာ
၏တည်ရာဖြစ်နိုင်၍ ယဉ်ကျေးသူဖြစ်ရမည်ဟု
မေတ္တာပုဗ္ဗဘာဂ အကျင့်များအဖြစ် မေတ္တာသုတ်
တော်၌ ဘုရားရှင် ညွန်ကြားဆုံးမတော်မူခဲ့သည်။
ဤ၌ ဘုရားရှင်၏ ဆုံးမသြဝါဒအတိုင်း
မေတ္တာပွါးသူ၌ ကျင့်ရမည့်တရားနည်းလမ်းများ
ကို အရှိအတိုင်းရေးသားရခြင်းဖြစ်ရာ စစရာရာ
သည်းခံခွင့်လွှတ်နိုင်တော်မူကြပါစေကြောင်း
အနူးအညွတ် တောင်းပန်အပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
ပါရမီစခန်း ပညာလမ်း
No comments:
Post a Comment