Thursday, November 17, 2016

မှတ်သား လိုက်နာဖွယ်ရာ စကားစုများ

"မှတ်သား လိုက်နာဖွယ်ရာ စကားစုများ"

"သုခတွေ့၍ အောင်ရမည်"

         စေတနာပါပါ သဒ္ဓါထက်ထက် ဖြည့်စွက်
မေတ္တာ သစ္စာရှိရှိ လုပ်သည့်ကိစ္စ ပြုသည့်ကိစ္စ
ပြောသည့်ကိစ္စ ကြံသည့်ကိစ္စ ပြောသည့်ကိစ္စ
ကိစ္စမှန်သမျှ သုခတွေ့ရမယ် အောင်ရမယ်။

"ကောင်းရာကိုလုပ်"

             ပေါ်လွင်မပြု ကောင်းရာတု ကောင်းမှု
မြတ်နိုးလှု "  ပကာသန ခဝါချ သဘာဝသာလှု"
အကြွားမပြု တရားရှု အားပြုကောင်းတာလှု"။

"ကိုယ့်ကြောင့်"

         "ကိုယ်"တည်းဟူသောအကြောင်းကြောင့်
သူတစ်ပါးတာဝန်မကြီးပါစေနဲ့။ ကိုယ့်ကြောင့်
သူတစ်ပါး စိတ်ချမ်းသာသွားပါစေ"။

"တွဲသတိ ခွဲသတိ"

           တွဲလုပ်ရမည့် အလုပ်ကို တွဲသတိ ခွဲလုပ်
ရမည့်အလုပ်ကို ခွဲသတိထားပြီးလုပ်ရမည်။

"ရှောင်ရမည်"

            မဖြစ်သင့် မဖြစ်နိုင်တာ မပြုအပ် မပြောအပ် မကြံစည်အပ် အားလုံးရှောင်ရမည်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာမှန်သမျှ တရား
နည်းလမ်းကျကျ လုပ်ကိုင်ဆောင်ရွက်ရမည်။

"မတုပနဲ့"

        အကြွား အစား အသွား ဂုဏ်မာနတွေကို
မတုပနဲ့။

"ဆန္ဒမွန်"

           တရားဟော စကားပြော အပြုတိုင်း
အပြောတိုင်း အကြံတိုင်းမှာ မတရားတာမပါစေနဲ့။

"တာဝန်"

          ကိုယ့်ဘဝအတွက် ကိုယ့်တာဝန်တွေကို
စိတ်ပါလက်ပါလုပ်ပါ ကြိုးစားပါ နိုးကြားပါ မကြာ
အောင်ရမည်။

"ကိုယ်ကကောင်းမှ"

             မမေ့နဲ့ မပေါနဲ့ မလျော့နဲ့ အမြဲသတိကပ်
ကိုယ့်လမ်းကိုယ်သွား ကိုယ့်တရားကိုယ်ဆင်ခြင်
ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်မှ ကိုယ့်နိဗ္ဗာန်
ကိုယ်မြင်မယ်။

                            ရွှင်လန်းချမ်းမြေ့ပါစေ
                                   ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment