Thursday, November 17, 2016

"ငြိမ်သက်သောဣနြေ္ဒရှိသူ"

"ငြိမ်သက်သောဣနြေ္ဒရှိသူ"

         ဣနြေ္ဒဆိုသည်မှာ မျက်စိ နား နှာခေါင်း လျှာ ကိုယ်
စိတ် ခြောက်မျိုးဖြစ်ရာ ထိုဣနြေ္ဒများ ငြိမ်သက်
အောင် ပြုရမည်ဆိုသည်မှာ ဣဋ္ဌာရုံနှင့်တွေ့သော
အခါ ရာဂမဖြစ်အောင် အနိဋ္ဌာရုံနှင့်တွေ့သော
အခါ ဒေါသမဖြစ်ရအောင် စောင့်စည်းခြင်းများပင်
တည်း။

         အာရုံတို့၌ ရာဂ ဒေါသ စသည်ဖြစ်နေသော
သူကား မငြိမ်မသက် လှုပ်ရှားလွင့်ပျံလျက်ရှိ
သော ဣနြေ္ဒရှိသူတည်း။ ဣနြေ္ဒတို့ကို မိမိအလို
သို့ပါအောင် မဆွဲဆောင်နိုင်ပဲ မိမိဣနြေ္ဒအကြိုက်
လိုက်ပါနေသူသာဖြစ်၏။

         ထိုသူမျိုးကား တရားအားထုတ်ရန်စိတ်ပါ
မည်မဟုတ်။အားထုတ်ပါသော်လည်း ပေါက်
မြောက်ရန်မလွယ်ကူ။   ရာဂ ဒေါသစသည်မဖြစ်
ရန် စောင့်စည်းပိတ်ဆို့နေသူကား မလှုပ်ရှား
မပျံလွင့်သော ဣနြေ္ဒရှိသူ ဣနြေ္ဒတို့ကို မိမိအလို
ပါအောင် ဆွဲဆောင်နိုင်သူဖြစ်၍ မိမိက ဣနြေ္ဒတို့
အလိုသို့ မလိုက်ပါရသူတည်း။

          ထိုပုဂ္ဂိုလ်မျိုးသာ တရားအဆုံးထိ ပေါက်
ရောက်နိုင်ပေသည်။ဤ၌ ဣနြေ္ဒတို့ကို ငြိမ်သက်
အောင်ပြုရမည့်အရေးမှာ ဘာဝနာအလုပ်တစ်ခု
နှင့် ကင်း၍ကားမဖြစ်နိုင်ပေ။ဘာဝနာအလုပ်အား
ထုတ်နေခြင်းဖြင့်သာ ဣနြေ္ဒတကယ် ငြိမ်သက်
နိုင်သည်ဖြစ်ရာ ကောင်းစွာ တရားဘာဝနာ
အလုပ်အားထုတ်နိုင်ကြလျက် ငြိမ်သက်အေး
ချမ်းသော တရားရှင်များဖြစ်နိုင်ကြပါစေကြောင်း
ရေးသားပေးအပ်ပါသတည်း။

                        ရွှင်လန်းချမ်းမြေ့ပါစေ
                              ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment